Organization Background and History (အသင်းအဖွဲ့ ၏ နောက်ခံသမိုင်း အကျဉ်းချုပ်)
ဝိုင်းမော်မြို့နယ် ရှမ်းအမျိုးသမီးများဖွံ့ဖြိုးရေး အသင်းအဖွဲ့ကို ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက် နေ့တွင် ဟိုတုံရပ်ကွက် ဓမ္မောဘာသဘုန်းကြီးကျောင်းရှိ ဥပုသ်သည်များနာနေဆောင်၌ တက်ရောက်သူ (၂၃)ဦး ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ မူလအဖွဲ့ဝင်များသည် အစည်းအဝေး တက်ရောက်သူ ကျား(၅)ဦးနှင့် မ(၂၁)ဦးတို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ဝိုင်းမော်မြို့တွင်း ရပ်ကွက်များဖြစ်သော (သာယာအေး၊ သိမ်ကြီးစု၊ ဟိုတုံ၊ ခါ့တန်၊ ရုံးတန်း) စသောရပ်ကွက် (၅) ခုမှ အမျိုးသမီး/သားများ ပါဝင်တက်ရောက်လာကြသည်။ မည်သည့်အဖွဲ့အစည်း၏ တိုက်တွန်းနိုးဆော်မှု၊ ဖိအားပေးမှု၊ ကူညီထောက်ပံ့မှုမျှမရှိဘဲ တက်ရောက်လာသူများ၏ သဘောတူညီမှုဖြင့် ဖွဲ့စည်းခဲ့သည်။ အလုပ်အမှုဆောင်များကိုလည်း တက်ရောက်သူများမှ အများသဘောတူညီမှုဖြင့် ရွေးချယ် တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
အဖွဲ့အစည်းအမည်ကို အင်္ဂလိပ်ဘာသာဖြင့် Shan Women Development Network (SWDN) ၊ မြန်မာဘာသာ အားဖြင့် ရှမ်းအမျိုးသမီးများဖွံ့ဖြိုးရေး ကွန်ရက်ဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။
၂၀၂၀ ခုနှစ်တွင် ဝိုင်းမော်မြို့နယ်ရှမ်းအမျိုးသမီးများ ဖွံ့ဖြိုးရေး အသင်းအဖွဲ့ အမည်ဖြင့် မြို့နယ်အဆင့် အသင်းအဖွဲ့ မှတ်ပုံတင် အမှတ် ၁၆/၀ိုင်းမော်/၀၁၇ ဖြင့် လူမှုဖွံ့ဖြိုးရေးလုပ်ငန်း များကို တရား၀င်လုပ်ကိုင်လျှက် ရှိပါသည်။
(အဖွဲ့အမည်ကိုလည်း မူလ အင်္ဂလိပ် အမည်ဖြင့် ဆက်လက်သုံးစွဲနေဆဲ ဖြစ်သည်။)
Vision, Mission, Objectives and Values
Vision (မျှော်မှန်းချက်)
ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့် လူငယ်များသည် တန်းတူညီမျှမှုရှိပြီး၊ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ရှိစွာ သက်ဆိုင်ရာလုပ်ငန်း၊ နယ်ပယ်အသီးသီးတွင် မိမိကိုယ်ကို ယုံကြည်မှုရှိစွာဖြင့် ဦးဆောင်နိုင်ရန် ဖြစ်သည်။
Mission (ရည်မှန်းချက်)
အသင်းအဖွဲ့၏ မျှော်မှန်းချက်ပန်းတိုင် ရောက်ရှိရန်အတွက် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များမှာ -
(၁) ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ပေးခြင်း၊
(၂) အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးခြင်း၊
(၃) ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းနှင့်
(၄) ကျား/မရေးရာကို ထည့်သွင်းစဉ်းစားတတ်ပြီး၊ လူမှုရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု လုပ်ငန်းများတွင် ဦးဆောင်နိုင်သော အမျိုးသမီးများ၊ လူငယ်များ ပူးပေါင်းပါဝင်မှု အားကောင်းစေရန် အသိပညာပေးခြင်း တို့ဖြစ်သည်။
Objectives (ရည်ရွယ်ချက်များ)
ရှမ်းအမျိုးသမီးများ ဖွံဖြိုးရေးအသင်းအဖွဲ့သည် အောက်ပါ ရည်မှန်းချက်များဖြင့် အဖွဲ့၏ လုပ်ငန်းစဉ်များအား ဖော်ဆောင်လုပ်ကိုင်ပါသည်။
၁. အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည် မြင့်မားလာစေရန်။
၂. ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်သော လုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန်။
၃. အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန်နှင့် ဘဝလုံခြုံမှုရရှိရန်။
Values (တန်ဖိုးထားမှုများ)
ရှမ်းအမျိုးသမီးများ ဖွံဖြိုးရေး အသင်းအဖွဲ့သည် ဖော်ပြပါ အဖွဲ့အစည်း၏ စံတန်ဖိုးထားမှုများဖြင့် လုပ်ငန်းစဉ် များအား ဖော်ဆောင်ကာ မိမိတို့ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်ပါသည်။
-
အပြန်အလှန်လေးစားခြင်း
-
သင်ယူခြင်း
-
တာဝန်ခံမူ၊ တာဝန်ယူမူရှိခြင်း
ကတိတည်ခြင်းနှင့် မြန်ဆန်ခြင်း