top of page

အဖွဲ့အစည်း၏ ၁၀နှစ်ပြည့်ခရီး

မှတ်တမ်းအကျဥ်း

နိဒါန်း

 

အတိုကောက်စားလုံးများ

KSAS

TAC

FMT                - Finance Management Training

SWDN             - Shan Women Development Network

ToT                 - Training of Trainer

SWOT             - Strength, Weakness, Opportunity and Threat

SMART           - Specific, Measurement, Achievable, Realistic and Timebound

JD                    - Job Description

UEC                 - Union Election Commission

NSPAW          -

CEDAW           - Convention on the Elimination of forms of Discrimination Against Women

WCN               - Waingmaw Civil-Society Network

FHI                  -

FHI CAT          -  

WPS                - Women Peace and Security

 

 

အဖွင့်အမှာစာ - ဥက္ကဌ၊ ဒါရိုက်တာ

 

အဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များ၏ နုတ်ခွန်းဆက်စကား

 

ဦးတည်ဒေသမှ အကျိုးခံစား လူထု၏ စကားသံ

 

အဖွဲ့အစည်းပန်းတိုင်၊ မျော်မှန်းချက်၊ ရည်ရွယ်ချက်များ

 

အဖွဲ့အစည်းတန်ဖိုးထားမှုများ

စွမ်းဆောင်ရည် ဖြည့်ဆည်းမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်း အခွင့်အလမ်းရရှိရန် ဖော်ဆောင်ခြင်း (၂၀၁၇ခုနှစ် ဇွန်လ (၁)ရက် နေ့မှ ၂၀၁၈ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့အထိ) - UTF

SWISSAID Myanmar အဖွဲ့အစည်းမှ ပံ့ပိုးကူညီသော ကုန်းမြင့်ဒေသမြို့နယ်ထောက်ပံ့ရံပုံငွေနှင့် ဝိုင်းမော်မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာ (၁၈)ခု {သာယာအေး၊ သာဂရ၊ ဟိုတုံ၊ မန့်ဆိမ့်(သိမ်ကြီးစု)၊ လွယ်ကျော်၊ နမ့်ဝါ၊ ဝါရှောင်၊ ဆဒုံးအောက်ပိုင်းနှင့် အထက်ပိုင်း၊ ဆဂါပါ၊ အင်းလေး၊ အောင်မြေ(၂)၊ နောင်စီပေါ၊ နမ့်ပေါင်း၊ ရွှေညောင်ပင်၊ ကောင်းခမ်း၊ ဆိုင်လော်၊ မန့်ဝိန်း} စသည်  တို့တွင် အောက်ပါလုပ်ငန်းစဥ်များကို အောင်အောင်မြင်မြင် လုပ်‌ဆောင်နိုင်ခဲ့ခြင်းကို မှတ်တမ်းတင်အပ်ပါသည်။ အဓိက အားဖြင့် သင်တန်းပါဝင်သူများသည် လူထုဖွံ့ဖြိုးရေးဆိုင်ရာ အသိအမြင်များရရှိရန်၊  ကျေးလက်နေ အမျိုးသမီးများနှင့် SWDN ဝန်ထမ်းများကြား ချိတ်ဆက်မှုအားကောင်းစွာနှင့် လုပ်ငန်းစဥ်များကို စွမ်းဆောင်နိုင်ရန်၊ အမျိုးသမီးများ၏ အခွင့်အရေးကိုသိမြင်ရန်၊ မိမိလူမျိုးရိုးရာယဥ်ကျေးမှု စာပေထိန်းသိမ်းရန် စသည့်အသိအမြင်များ ရရှိရန်နှင့် အမျိုးသမီး များ ဝင်ငွေတိုးလုပ်ငန်းများ ဖေါ်ဆောင်နိုင်ရန် စသည်ဖြင့် ရည်ရွယ်ချက်များကို ထားရှိပါသည်။ လုပ်ငန်းများ၏ ရလဒ်များကို အောက်တွင်အနှစ်ချုပ်ဖေါ်ပြလိုပါသည်။

  • ဖွံ့ဖြိုးရေးအမြင်ဖွင့်သင်တန်းကို နီးစပ်ရာကျေးရွာ/ရပ်ကွက်များမှ အမျိုးသမီးများ၊ လူငယ်များ၊ ရပ်ကျေး အုပ်ချုပ်ရေး တာဝန်ရှိပုဂ္ဂိုလ်များ၊ စာပေယဥ်ကျေးမှုကဏ္ဍမှ တာဝန်ရှိများပါဝင်ကာ သင်တန်းကို (၅)‌ နေရာတွင် လူဦးရေစုစုပေါင်း (၂၉၁) ဦး၊ (ကျား ၁၀၃၊ မ ၁၈၈)တို့ဖြင့် စီစဥ်ပြုလုပ်နိုင်ခဲ့ပါသည်။  

  • ဒေသရှိအမျိုးသမီးများ၏ တစ်နိုင်တစ်ပိုင် ဝင်ငွေရလုပ်ငန်းထူထောင်နိုင်ရန် မုန့်တီလုပ်ငန်းကို အခြားဒေသများ သို့ သွားရောက်လေ့လာကာ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ဖြန့်ချီခြင်းနှင့် လိုအပ်သော စက်ကိရိယာများကို လေ့လာ သင်ယူခဲ့ကြသည်။ ထို့နောက်တွင် အဆောက်အအုံနေရာပြင်ဆင်ကာ နေရာ၊ စတင်သည့်အချိန်(လ၊ခုနှစ်)ဖြည့်ရန် တွင် လုပ်ငန်းသုံးစက်ပစ္စည်းများ ဝယ်ယူတပ်ဆင်ကာ လုပ်ငန်းကို စတင်နိုင်ခဲ့ပါသည်။ ဆက်လက်၍ ၂၀၁၉ခု နှစ် ဧပြီလ ၁၉ရက်နေ့တွင် သက်ဆိုင်သူအကြီးအကဲများစုဝေးကာ မုန့်တီလုပ်ငန်းနှင့်ပတ်သက်၍ အစီစဥ် Planning ရေးဆွဲခဲ့ကြပါသည်။ ထိုအစည်းအဝေးတွင် အရံလုပ်သား၊ အလုပ်သင်လုပ်သားရှာဖွေ သင်ကြားပေးရန်၊ ကော်မတီဝင်များမှလည်း စျေးကွက်ဖောက်သည်ရှာခြင်း၊ ချိတ်ဆက်ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေခြင်း များလုပ်ဆောင်ရန် စသည်ဖြင့် ဆွေးနွေးအကြံပြုကြပါသည်။ ဤကဲ့သို့ မုန့်တီလုပ်ငန်းကို စတင် အကောင်အထည်ဖေါ်နိုင်ခဲ့သော်လည်း ရာသီဥတုကြောင့် မုန့်တီသည် တာရှည်ရက်များများ အထားမခံခြင်း၊ ဖြန့်ချီမှုပိုင်း၊ စျေးကွက်ရရှိရန်နှင့် စျေးကွက်ရှာဖွေရန် ခက်ခဲခြင်း၊ စျေးကွက်တွင်းရှိ အသင့်စားသုံးရန်နှင့် တာရှည်အထားခံသော မုန့်တီထုတ်ကုန်များအား မယှဉ်ပြိုင်နိုင်ခြင်း စသည့် မမျော်လင့်သော စိန်ခေါ်မှုများကို ကြုံတွေ့ခဲ့ကြပါသည်။

  • အိမ်တွင်းမှုလုပ်ငန်းများဖြစ်သော ဆပ်ပြာအမျိုးမျိုး၊ လက်ကိုင်အိတ်၊ ဆံပင်ချည်ကြိုး၊ လက်ကိုင်အိတ်ကလစ် နှင့် အခမ်းအနားအလှဆင်ခြင်း လုပ်ငန်းများကိုလည်း လူဦးရေ ၁၄၆ (က ၅၊ မ ၁၄၁)ဦး တို့နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ကျေးရွာ (၅) ရွာမှ အမျိုးသမီးများကို အဓိကထား သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။

  • အမျိုးသမီးတို့အတွက် ဝင်ငွေတိုး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်နှင့် ဒေသတွင်းရှိအခြားသော အမျိုးသမီးများနှင့် ရင်းနှီးမှု၊ ပူးပေါင်းမှုလုပ်ဆောင်မှုများ ပိုမို အားကောင်းလာရန် အိမ်တွင်းမှု လေ့လာရေးခရီးစဥ်အနေဖြင့် ပထမအကြိမ်တွင် မြစ်ကြီးနားမြို့ရှိ အဖွဲ့အစည်းများသို့ SWDN အဖွဲ့ဝင် (၅) ဦး ပါဝင်ကာ သွားရောက် လေ့လာမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါသည်။ ဒုတိယအကြိမ်တွင် စုစုပေါင်းအဖွဲ့ဝင် (၇) ဦး (က ၁၊ မ ၆) တို့နှင့် မြစ်ကြီးနားရှိ ယက်ကန်းနှင့်အသက်မွေးဝမ်းကျောင်းအတတ်သင် သင်တန်းကျောင်းသို့ သွားရောက်ကာ လက်ရက်ကန်းနှင့် စက်ရက်ကန်း နှစ်မျိုးလုံးကို လေ့လာသင်ယူမှု ပြုလုပ်နိုင်ခဲ့ပါသည်။ တတိယအကြိမ်အနေဖြင့် စီတာပူရပ်ကွက်မှ KSAS၊ တပ်ကုန်းရပ်ကွက်မှ TAC၊ အာလမ်ကျေးရွာမှ ပညာ့တခါး သင်တန်းကျောင်းများသို့ သွားရောက်ကာ လူငယ်များနှင့် အမျိုးသမီးငယ်များ၏ အလုပ်အကိုင်ရရှိရေးနှင့် လက်မှုလုပ်ငန်းသင်ယူနိုင်ရန် အဖွဲ့ဝင် စုစုပေါင်း (၈) ဦး (က-၁၊ မ-၇) တို့ သွားရောက် လေ့လာခဲ့ကြပါသည်။

  • ဒီမိုကရေစီနှင့် ဦးဆောင်မှုစွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို အမျိုးသမီးနှင့် လူငယ်များ စုစုပေါင်း (၃၁) ဦး (က ၁၁၊ မ ၂၀) တို့နှင့် ဝိုင်းမော်မြို့ သိမ်ကြီးစုရပ်ကွက်ရှိ အောင်မင်္ဂလာကျောင်းဓမ္မာရုံတွင် (၃) ရက်တာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် အမျိုးသမီးနှင့် လူငယ်များ ဦးဆောင်မှုဆိုင်ရာ အသိအမြင်ဗဟုသုတနှင့် စွမ်း‌ဆောင်ရည် တိုးတက်လာစေရန် အဓိက ရည်ရွယ်ပြုလုပ်ရခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းတွင် ဒီမိုကရေစီစနစ် ၄င်း၏ စည်းကမ်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင်ခဲ့ကြပါသည်။

  • အမျိုးသမီးနှင့် ငြိမ်းချမ်းရေးခေါင်းစဥ်နှင့် ဟောပြောပွဲကို လူပေါင်း ၁၅၄ (က ၈၀၊ မ ၇၄) ဦး ပါဝင်ကာ ဝိုင်းမော် မြို့ရှိ ဟိုတုံဓမ္မောဘာသ ဘုန်းကြီးကျောင်းတွင် ပြုလုပ်ခဲ့ပါသည်။ ရည်ရွယ်ချက်အားဖြင့် ငြိမ်းချမ်းသောလူ့အဖွဲ့ အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်ဆောင်မှုများနှင့် လူထုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာရန်နှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဥ်ကို ဗဟုသုတအမြင် ရရှိစေရန်ဖြစ်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် အမျိုးသမီးနှင့် မီဒီယာကဏ္ဍ၊ ပြည်နယ်လွတ်တော်အတွင်း ငြိမ်းချမ်းရေးဖေါ်ဆောင်မှု၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဥ်နှင့် အမျိုးသမီးများအကြောင်း၊ ၂၁ ပင်လုံအခင်းအကျင်း စသည်ဖြင့် ခေါင်းစဥ်များခွဲကာ ဟောပြောခဲ့ကြပါသည်။ 

  • အမျိုးသမီးငယ်များနှင့် ကလေးများစွမ်းရည်မြှင့်တင်ခြင်းသင်တန်းတွင် ပါဝင်သူပေါင်း ၁၄၃ (က ၄၉၊ မ ၉၄) ဦးနှင့် (၅) ရက်တာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ဤသင်တန်းအားဖြင့် လက်တွေ့ဦးဆောင်နိုင်မှု စွမ်းရည်ရှိသော အမျိုးသမီးငယ်များ၊ အမျိုးသားလူငယ်များမွေးထုတ်နိုင်ရန် စကားပြောစွမ်းရည် လေ့ကျင့်ပေးခြင်း၊ အုပ်စုလိုက် လှုပ်ရှားမှုပြိုင်ပွဲများ၊ ယဥ်ကျေးလိမ္မာပြည်သူ့နီတိပညာပေးမှုများ၊ လူ့အခွင့်အရေး/ကလေးအခွင့်အရေးနှင့် အကြမ်းဖက်မှုပပျောက်ရေး စသည်ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။

  • ရိုးရာအစားအစာ နှီးနှောဖလှယ်ပွဲကိုလည်း အဖွဲ့အစည်း ၂၁ ဖွဲ့မှ စုစု‌ပေါင်း (၁၂၆) ဦး (က ၃၁၊ မ ၉၅) တို့ပါဝင်ကာ အစားအစာအမျိုးပေါင်း (၃၀) ကျော်ခင်းကျင်းပြသ၍ ကျွေးမွေးနိုင်ခဲ့ပါသည်။ အဆိုပါ တက်‌ရောက်လာသော အဖွဲ့ အစည်းများမှ (၁၅) ဖွဲ့သည် မိမိတို့ ရိုးရာအစားအစာများကို ချက်ပြုတ်လာသော အဖွဲ့များဖြစ်ပါသည်။

  • ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း Financial Management Training (FMT) ကို အဖွဲ့အစည်း (၃) ဖွဲ့ (SWDN, ရှမ်းစာပေနှင့် ယဥ်ကျေးမှုအဖွဲ့ (ဝိုင်းမော်)၊ ဝုန်းမေတ္တာငွေစုငွေချေးအဖွဲ့ (ဝိုင်းမော်) မှ ဝန်ထမ်းများ ၂၅ ဦး (က ၃၊ မ ၂၂) တို့နှင့် ၂ ရက်တာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ငွေကြေးသုံးစွဲမှုဆိုင်ရာ အခြေခံ အသိအမြင်များသိရှိ၍ လုပ်ဆောင်ပုံအဆင့်ဆင့်ကို နားလည်ရန်နှင့် ငွေကြေးဆိုင်ရာ အစီအစဥ် ရေးဆွဲတတ်စေရန် ရည်ရွယ်၍ ဤသင်တန်းကို စီစဥ်လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။ ထို့အတူ ငွေစာရင်းကိုင် သင်တန်းကိုလည်း အဖွဲ့ဝင်များမှ ဝန်ထမ်း (၃) ဦးနှင့် SWDN မှ ဝန်ထမ်း (၃) ဦး စုစုပေါင်း ပါဝင်သူ (၆) ဦး (က ၂၊ မ ၄) တို့အား (၃) ရက်တာ သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ အဖွဲ့အစည်း စာရင်းဇယားပိုင်းဆိုင်ရာ ပြုစုထားသိုထိန်းသိမ်းခြင်း အတတ်ပညာနှင့် လက်တွေ့တာဝန်ယူမှုတွင် ပိုမိုစနစ်တကျ အသုံးပြုတတ်လာစေရန် ရည်ရွယ်ချက်ထားကာ ပြုလုပ်ရခြင်း ဖြစ်ပါ သည်။

  • စီမံကိန်းစီမံခန့်ခွဲမှု သင်တန်းကိုလည်း အဖွဲ့ (၃) ဖွဲ့ (SWDN, Waingmaw Civil-Society Network, Township Leading Group) တို့မှ ဝန်ထမ်း (၁၃) ဦး (က ၈၊ မ ၅) တို့နှင့် ၃ရက်တာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ ၄င်းသင်တန်းတွင် စီမံကိန်းစက်ဝန်းစီမံခန့်ခွဲမှု၊ လိုအပ်ချက်များဆန်းစစ်သုံးသပ်ခြင်း၊ အစီအစဥ်ရေးဆွဲခြင်း၊ ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ခြင်း၊ ပြန်လည်ကြည့်ရှုခြင်းနှင့် ဆန်းစစ်သုံးသပ်ခြင်း စသည့် ခေါင်းစဥ်များကို လေ့လာသင်ယူခဲ့ကြသည်။

  • စီမံကိန်းလုပ်ငန်း၏ အားသာချက်-အားနည်းချက်များ၊ စိန်ခေါ်မှု အခက်အခဲအတားအဆီးများကို သိရှိရန် လုပ်ငန်းပြန်လည်သုံးသပ်မှုကို နှစ်ကြိမ်တိုင်တိုင် ပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါသုံးသပ်မှုတွင် အဖွဲ့အစည်း နာယက၊ ကော်မတီဝင်များ၊ အလုပ်အမှုဆောင်များနှင့် ဝန်ထမ်းများပါဝင်ကာ စီမံကိန်းအလယ်တွင် တစ်ကြိမ်၊ နောက်ဆုံးပိုင်းတွင်တစ်ကြိမ်၊ စုစုပေါင်း ( ၂ ) ကြိမ် ပြုလုပ်နိုင်ခဲ့ပါသည်။ ဤကဲ့သို့ အပြုသဘောသုံးသပ်ခြင်းဖြင့် လိုအပ်ချက်ရှိနေသော စီမံကိန်းလုပ်ငန်းများအား ပြန်လည်လမ်းကြောင်းတည့်မတ်နိုင်ခြင်းနှင့် ဝန်ထမ်းများကြား တွင် လုပ်ငန်းတာဝန်များ ခွဲဝေလုပ်ဆောင်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ကြီးမားလှသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

စွမ်းရည်ဖြည့်ဆည်းမြှင့်တင်ခြင်းနှင့် ဝင်ငွေတိုးလုပ်ငန်းဖေါ်ဆောင်ခြင်း - ဤစီမံကိန်းသည်လည်း SWISSAID Myanmar အဖွဲ့အစည်းမှပံ့ပိုးကူညီသော ကုန်းမြင့်ဒေသမြို့နယ် ထောက်ပံ့ရံပုံငွေနှင့် ( ၆ ) လတာ ဒုတိယစီမံကိန်း (၂၀၁၉ခုနှစ် ဇန်နဝါရီလ ၁၅ရက်မှ ဇူလိုင်လ ၁၅ရက်အထိ) အကောင်အထည်ဖေါ်သော လုပ်ငန်းဖြစ်ပါသည်။ ဤအချိန်တိုစီမံကိန်း သည်လည်း ဝိုင်းမော်မြို့နယ်အတွင်း အရေးတကြီးလိုအပ်နေသော နည်းပညာများကို လေ့လာသင်ယူသည့် ထိရောက်သော စီမံကိန်း ဖြစ်ပါသည်။  စီမံကိန်း အကောင်အထည်ဖေါ်စဥ် ကာလတစ်လျှောက်တွင် ဦးတည်ဒေသမှ တာဝန်ရှိကိုယ်စားလှယ်အသီးသီးနှင့် ဝန်ထမ်းများ စုစုပေါင်း ၅၉၆ ဦး (က-၈၄၊ မ-၅၁၂) ပူးပေါင်းပါဝင် အကျိုးခံစားခဲ့ကြပါသည်။

  • ဤကဲ့သို့ စီမံကိန်းမိတ်ဆက် ပြုလုပ်ခြင်းအားဖြင့် စီမံကိန်းဒေသမှ လူထုနှင့် အဖွဲ့အစည်းကို ဦးဆောင်နေသော ခေါင်းဆောင်များသည် စီမံကိန်းအကြောင်းကို သိရှိပြီး လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရာတွင် ပူးပေါင်း လုပ်ဆောင်မှုအားကောင်းလာရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ဝန်ထမ်းများမှ လုပ်ငန်းအစီအစဥ် များကို အသေးစိတ်တင်ပြဆွေးနွေးပြီး အဆုံးပိုင်းတွင် ကျေးရွာကိုယ်စားလှယ်များနှင့် သီးသန့်တွေ့ဆုံကာ ကျေးရွာတွင် ပြုလုပ်သွားမည့် ဆင့်ပွားသင်တန်းများအကြောင်းနှင့် အချိန်ဇယားကို သဘောတူသတ်မှတ်ခဲ့ကြ ပါသည်။

  • အဖွဲ့အစည်း၏ မှတ်ပုံတင်လျှောက်တင်သည့်ဖြစ်စဥ်ကို ဤစီမံကိန်းတွင် အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်း လုပ်ထုံးလုပ်နည်းနှင့်အညီ ကော်မတီအစည်းအဝေးပြုလုပ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် လျှောက်တင်နိုင်ခဲ့ပါသည်။ ၂ လ အကြာပြီးနောက် ၂၀၁၉ ခုနှစ် မေလဆန်းပိုင်းတွင် အဖွဲ့အစည်းမှတ်ပုံတင်ကို တရားဝင် ရရှိခဲ့ပါသည်။

  • အမျိုးသမီးနှင့် လူငယ်များ စွမ်းရည်မြှင့်တင်ခြင်းသင်တန်းကို ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်မှ ၂၂ ရက်အထိ ၅ ရက်တာ သာဂရရပ်ကွက်ရှိ ရှမ်းဓမ္မာရုံတွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် (က်ား(၁၅)၊ မ(၄၃)၊ ပေါင်း(၅၈)ဦး (၀န်ထမ်း ကျား (၁)+မ( ၄) ၊ သင်တန်းဆရာနှင့် လေ့လာသူ ကျား (၉)+မ( ၅)၊  ဦး အပါအ၀င်)(သင်တန်းသား ကျား(၅)+မ(၃၄) ဦး စုစုပေါင်း ၃၉ဦး) တက်ရောက်ခဲ့ပါသည်။ တက်ရောက်သောလူငယ်များသည် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း၏ ဦးဆောင်မှုအခန်းကက္ဍတွင် ဝင်ရောက် တာဝန်ယူလာနိုင်ရန်နှင့် လူမှုရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်တတ်လာရန် ရည်ရွယ်ချက်ထားကာ လုပ်ဆောင်ခဲ့ပါသည်။ ဤသင်တန်းတွင် လူငယ်နှင့် နိုင်ငံရေး၊ နိုင်ငံသားများ၏ တာဝန်နှင့်ဝတ္တရား၊ နိုင်ငံသားနှင့် နိုင်ငံဆိုင်ရာ အခွင့်အရေးများ စသည်ဖြင့် နိုင်ငံသား တစ်ဦးချင်းစီတွင် နိုင်ငံရေးတန်းတူညီမျှမှုရှိခြင်း၊ ခွဲခြားဆက်ဆံခြင်းများကင်းဝေးခြင်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဥ်ကျေးမှုဆိုင်ရာတွင် ခွဲခြားမှုမရှိစေရန် မီးမောင်း ထိုး၍ တင်ပြ ဆွေးနွေးခဲ့ပါသည်။ အခြားသင်တန်းဆရာတစ်ဦးသည် ဂျဲန်ဒါနှင့် ကျားမ ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဦးဆောင်ဆွေးနွေးရာတွင် ဂျဲန်ဒါနှင့် SEX ခွဲခြားသိမြင်နိုင်ရန်နှင့် အမျိုးသမီးများကို ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွား‌ရေး စသည့်နယ်ပယ်အသီးသီးတွင် ခွဲခြားဆက်ဆံမှု မြင်တွေ့ရကြောင်း ပြောဆိုဆွေးနွေးတင်ပြခဲ့ပါသည်။ အခြားဥပဒေဆိုင်ရာအမြင်ဖွင့်မှုတွင် အရပ်ဖက်တရားရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ စစ်မှုဆိုင်ရာခုံရုံး စသည်ဖြင့် တရားရုံး (၃) မျိုး အကြောင်းကို အသေးစိတ် ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ ပြစ်မှုအမျိုးအစားနှစ်မျိုးဖြစ်သော ပြစ်မှုနှင့် တရား-မမှု အကြောင်းကို တင်ပြဆွေးနွေးခဲ့ပါသည်။

  • ‌လူထုစည်းရုံးရေးနှင့် အသက်မွေးဝမ်းကျောင်းမှုစနစ် ဆန်းစစ်သုံးသပ်ခြင်း Community Mobilizing & Livelihood system analysis (ToT) ဆရာဖြစ်သင်တန်းကို လူဦးရေ ၂၂ ဦး (ကျား-၉၊ မ-၁၃ဦး) တို့ တက်ရောက် ကာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ (၅) ရက်တာ အောင်မြင်စွာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ပြသာနာသစ်ပင် (Problem tree) အသုံးပြုပုံအကြောင်းနှင့် အားသာချက်များ၊ အားနဲချက်များ၊ အခွင့်အလမ်းနှင့် အဟန့်အတားများဆိုင်ရာ ဆန်းစစ်သုံးသပ်မှု SWOT Analysis အကြောင်း ကိုလည်း ရှင်းလင်းပြခဲ့ပါသည်။ River life tool အသုံးပြုကာ ကောင်းသော နားထောင်နည်းကိုလည်း လေ့ကျင့် သင်ကြားပေးခဲ့ပါသည်။ ထို့နောက် လုပ်ငန်းလုပ်ဆောင်မှုတိုင်းတွင် SMART နှင့် ချိန်ထိုးကာ လုပ်ဆောင်သင့်ကြောင်းကိုလည်း ရှင်းလင်းပြောပြပါသည်။ သင်တန်းနောက်ဆုံးပိုင်းတွင် သင်တန်းပံ့ပိုးသူမှ Action Plan ရေးဆွဲနည်း အသေးစိတ်ကို ရှင်းလင်းပြသခဲ့ပါသည်။ သင်တန်းတက်ရောက်ထားသော (ToT) များသည် ကျေးရွာ (၆) ရွာတွင် ဆင့်ပွားသင်တန်းကို အောက်ပါအတိုင်း တစ်ကြိမ်စီ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အဆိုပါ ကျေးရွာများတွင် ဖြစ်ပျက်နေသော ပြသာနာများ၊ အားနည်းချက်များ၊ အားသာချက်များ စသည်တို့ကို ဆွေးနွေးဖေါ်ထုတ်ရာတွင် မူးယစ်ဆေးဝါး ပြသနာ၊ အမျိုးသမီးများဘဝ လုံခြုံမှုမရှိခြင်း၊ လူငယ်များ အလုပ်အကိုင်ရှားပါးခြင်းနှင့် ရင်းနှီးငွေမလုံလောက်ခြင်း စသည်ဖြင့် ဦးစားပေး အစီအစဥ်အလိုက် ဖေါ်ထုတ် သိရှိရပါသည်။

Screenshot 2025-06-03 205701.png

အမျိုးသမီးနှင့် လူငယ်များ ဦးဆောင်မှုစွမ်းရည် တိုးတက်လာစေရန်နှင့် မိမိရပ်ရွာရှိ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ ပြသနာများကို ဆွေးနွေးဖေါ်ထုတ်သိရှိပြီး လက်တွေ့အကောင်အထည်ဖေါ်လုပ်ဆောင်တတ်လာစေရန် ရည်ရွယ်၍ ဤဆင့်ပွားသင်တန်းများကို လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။

  • အမျိုးသမီးနှင့်လူငယ်များ ဦးဆောင်မှုစွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် မိမိတို့ရပ်ရွာ၏ အသက်မွေး ဝမ်းကျောင်း ပြသနာများကို ဝိုင်းဝန်းဖေါ်ထုတ်နိုင်ရန် ၃ ရက်တာ သင်တန်းကိုလည်း စီစဥ်နိုင်ခဲ့ပါသည်။ အဆိုပါ အစီအစဥ်တွင် ကျေးရွာအတွင်းရှိလူထု၏ အားသာချက်များနှင့် လူထုမှမြင်တွေ့ရသော အခက်အခဲနှင့် အားနည်းချက်များကို ဆွေးနွေးဖေါ်ထုတ်နိုင်ခဲ့ပါသည်။ ၄င်းတွင် မြင်တွေ့ရသော အဓိကအချက်များမှာ မူးယစ်ဆေးဝါးပြသာနာ၊ အမျိုးသမီးများဘဝလုံခြုံမှုမရှိခြင်း၊ လူငယ်များအလုပ်အကိုင်ရှားပါးခြင်းနှင့် အရင်းအနှီးမရှိခြင်း စသည်ဖြင့် အခက်အခဲများမြင်တွေ့ရသည်။ ထို့နောက်တွင် အထက်ဖေါ်ပြပါ ဖေါ်ထုတ် ထားသော အချက်များကို ဝိုင်းဝန်း ဖြေရှင်းမည့်အစီအစဥ်ကိုလည်း ရေးဆွဲနိုင်ခဲ့ပါသည်။

  • အဖွဲ့အစည်းဆိုင်ရာ ဖွဲ့အစည်းပုံ Organizational Structure နှင့် လုပ်ငန်းတာဝန် JD တို့ကို review ပြုလုပ်သည့် အစီအစဥ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၅ရက် နှင့် ၆ရက် တို့တွင် ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ SWDN ရုံးဝန်ထမ်းများ နှင့်အတူ နာယကများ၊ အလုပ်အမှုဆောင်များ စုစုပေါင်း ၁၄ဦး (ကျား-၅၊ မ-၉)ဦး တက်ရောက်ခဲ့ပါသည်။ ဤလုပ်ငန်းစဥ် လုပ်ဆောင်ရခြင်းမှာ SWDN အဖွဲ့အစည်း ပိုမိုအားကောင်းခိုင်မာလာရန်နှင့် ဗဟုသုတနှင့် စွမ်းရည်ပြည့်ဝသော ဝန်ထမ်းများ။ အဖွဲ့ဝင်များ၊ ဖြစ်လာရန်အလို့ငှါ အကောင်အထည် ဖေါ်လုပ်ဆောင်ရခြင်း ဖြစ်ပါသည်။

  • အစိုးရဌာနဆိုင်ရာများဖြစ်သော ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံအမျိုးသမီး များ စုစုပေါင်း ၄၆ ဦး (ကျား-၉၊ မ ၃၇) ပါဝင်တက်ရောက်သော Coordination workshop ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝင်းအတွင်းရှိ ဆမားခန်းမတွင် တစ်ရက်တာ ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားပေးခြင်းနှင့် မြို့နယ် စည်ပင်သာယာရေးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းကယ်ဆယ်‌ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန တို့မှလည်း ၄င်းတို့လုပ်ဆောင်နေသော လုပ်ငန်းစဥ်များကို ရှင်းလင်းပြောပြခဲ့ပါသည်။ ထို့အတူ မြို့နယ် အမျိုးသမီးရေးရာများမှလည်း အမျိုးသမီးများ၏ လုံခြုံရေးဆိုင်ရာများ၊ အိမ်ထောင်ကွဲများနှင့် ပတ်သက်၍ နစ်နာကြေးဆိုင်ရာများ၊ လူမှောင်ခိုမှုတွင် တိုင်ကြားရန် ကိစ္စများကို ရှင်းလင်းပြောပြခဲ့ခြင်း စသည် ဖြင့် အခြားဌာန အသီးသီးမှလည်း မိမိတို့ဌာန၏ ဝန်ဆောင်မှု လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြခဲ့ကြ ပါသည်။

မဲပေးမှုဆိုင်ရာ အမြင်ဖွင့်ခြင်း - Voter Education - PaungKu 

မဲပေးမည့်သူများကို အမြင်ဖွင့် သင်တန်းပေးခြင်းစီမံကိန်း (Voter Education Awareness Raising Project) ကို ဝိုင်းမော်မြို့နယ်ရှိ အသက် ၁၈ နှစ် အထက်အမျိုးသမီး၊ အမျိုးသားများကို မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို လုပ်ဆောင်နိုင်ခဲ့ပါသည်။

pic1.jpg
pic2.jpg
pic3.jpg

မြန်မာနိုင်ငံ ၏ ၂၀၂၀ ရွေးကောက်ပွဲ အချိန်အခါသမယသည် ရွေးကောက်ပွဲ ပြင်ဆင်ချိန်နှင့် COVID 19 ဒုတိယလှိုင်းပြင်းထန်သော အချိန်ဖြစ်ရာ SWDN ဝန်ထမ်းများ၏ မဆုတ်မနှစ်သော ဇွဲကြောင့်သာ လုပ်ငန်းများကို ပြီးမြောက် အောင်မြင်ခြင်းဖြစ်သည်ဟု အသိအမှတ် ပြုရမည် ဖြစ်ပါသည်။ ဤကဲ့သို့ COVID 19 အခြေအနေတွင် ကွင်းဆင်း ပညာပေးမည့် ဆရာဖြစ်သင်တန်းကို သင်တန်းသား (၁၅) ဦးနှင့် စုစုပေါင်း ၂ ကြိမ်၊ လူဦးရေ စုစုပေါင်း (၃၀) ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပါသည်။ COVID 19 စည်းမျဥ်းစည်းကမ်းများ တင်းကြပ်မှုရှိခြင်းနှင့် သက်ဆိုင်ရာ ပြည်နယ် Union Election Commission (UEC) တာဝန်ရှိများမှ စုံစမ်းမေးမြန်းလာခြင်း၊ အချို့သော ဒေသအုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၏ သဘောမတူမှုများကြောင့် မူလ ပထမ စီစဥ်ထားသော အချို့ကျေးရွာများတွင် ဆင့်ပွားသင်တန်းများ မလုပ်ဆောင်နိုင်ခဲ့ပါ။ သို့သော် ညှိနိုင်းတိုင်ပင်၍ အဆင်ပြေသော အချို့ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် သဘောတူညီမှုရယူကာ အောက်ပါ ကျေးရွာ (၂၅) ရွာမှ လူထု ၇၉၃ ဦး (က-၁၅၅၊ မ-၆၃၈) တို့ကို မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်း ဆင့်ပွားသင်တန်းကို လုပ်ဆောင်နိုင်ခဲ့ပါသည်။  

ကျန်းမာရေးဝန်ကြီးဌါန၏ COVID 19 ညွန်ကြားချက်နှင့်အညီ ထိခိုက်မှုမရှိအောင် လက်သန့်ဆေးဖြင့် လက်ဆေးခြင်း၊   Mask, Face shield

pic4.jpg

များတပ်ဆင်ခြင်း၊ အပူချိန်တိုင်းခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် နေစေခြင်း စသည့် စည်းမျဥ်းများကို လိုက်နာကာ ပြုလုပ်ခဲ့ပါသည်။ အစီအစဥ်တွင် ပထမဆုံး မဲပေးမည့်သူများ၊ မသန်စွမ်းများ၊ စာမတတ်သူများ၊ သက်ကြီးပိုင်းများ၊ လူလတ်ပိုင်းများဟူ၍ အမျိုးမျိုး လာရောက်ပါဝင်ကြပါသည်။ အဆိုပါ တက်ရောက်သူများ အားလုံး၏ မဲပေးခွင့်မဆုံးရှုံးစေရန်နှင့် ပယ်မဲများ မဖြစ်စေရန် အဓိကထား ၍ ပညာပေးခြင်းဖြစ်ပါသည်။ မဲစာရင်းတွင် မိမိအမည် ပါမပါ စစ်ဆေးရန် နှင့် မပါရှိပါက ရပ်ကျေးကော်မရှင်သို့ ပြန်လည်အမည်စာရင်းသွင်းရန် စသည်ဖြင့် သေချာမှုရှိစေရန် ပညာပေးမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။

ထို့အတူ ခရီးသွားမည့်သူများ၊ အသက်ကြီးပိုင်းများ၊ ကျန်းမာရေးမကောင်းသူများ၊ မသန်စွမ်းသူများ၊   အစိုးရဝန်ထမ်းများသည် ကြိုတင်မဲပေး

ခွင့်ရရှိသူများ ဖြစ်ကြောင်း အသိပေးမှုများလည်း လုပ်ဆောင်နိုင်ခဲ့ပါသည်။ အထက်ပါ မဲပေးခြင်း အသိပညာကို နမူနာမဲရုံများ ပြုလုပ်၍ လက်တွေ့ လေ့ကျင့် သင်ကြားပေးနိုင်ခဲ့ပါသည်။ အဆိုပါ လက်ဆင့်ကမ်း သင်တန်းပေးသော လူငယ်များသည် မဲရုံစောင့်ကြည့်ခြင်းနှင့် မဲရလဒ်များကို လူထုမှအချိန်နှင့် တပြေးညီ သိရှိနိုင်ရန် မျှဝေခြင်း စသည့် အောင်မြင်မှုများကို သိသာထင်ရှားစွာ ရရှိနိုင်ခဲ့ကြပါသည်။

pic5.jpg
Screenshot 2025-06-05 181023_edited_edit
  • Facebook

© 2025 Copyright: swdn

Follow us on

bottom of page